အမျိုးအစားအလိုက်ကြည့်ရှုရန်

File Association Error (.exe, .lnk)

File Association ဆိုတာ File Format အမျိုးအစားတစ်ခုကို ဖွင့်မည့် Default Program ကို သတ်မှတ်ထားခြင်းဖြစ်သည်။  (E.g / .docx ဖိုင်ကို Microsoft Word 2007 ဖြင့် Default ဖွင့်ပေးသည်။ .psd ဆိုလျှင် Photoshop ဖြင့် Default ဖွင့်ပေးခြင်းကို ဆိုလိုသည်။)

Error
အခုတစ်လော အတွေ့များဆုံး Error လေးပါ။ Virus ကြောင့်လား User Error ကြောင့်လားတော့မသိပါ။ Virus စစ်ကြည့်လျှင်တော့ မတွေ့ရပါ။ (program တွေကို Run လိုက်တိုင်း သတ်မှတ်ထားတဲ့ Program တစ်ခုတက်လာပါတယ်။ သူ့ကိုယ်ပိုင် .exe ကိုအလုပ်မလုပ်တော့ပါ။ ဥပမာ- Microsoft Word ဖွင့်လဲ Nero ပဲပွင့်တယ် တစ်ခြား ဘယ် ဆော့ဝဲကိုပဲသုံးသုံး Nero ပဲဖွင့်ပေးနေတယ်။ ဒါမှမဟုတ် Adobe Reader ကိုပဲ အမြဲဖွင့်ပေးနေတယ်။ ပုံမှန်အတိုင်းဆို သူ့ကိုယ်ပိုင် Program ပဲပွင့်ရပါမည်။ Desktop ပေါ်ရှိ icon များသည် program တစ်ခု၏ icon များချည်းဖြစ်နေသည်။

ပြင်ဆင်ချက်

ဒီ Error ဟာ Association မှားနေတာပါ။ လွယ်လွယ်ကူကူပြင်လို့ရပါတယ်။ Registry ကိုအသုံးပြု၍ ပြင်ရပါမည်။ Registry ကိုပြင်ဖို့ရန်အတွက် Regedit.exe ကိုဖွင့်ရပါမည်။  Registry ကိုယ်တိုင်က .exe ဖြစ်နေသဖြင့် ပုံမှန်အတိုင်း Start ---> Run ---> regedit ဖြင့်ဖွင့်၍ မရပါ။ Start --> Run --> command ဟုရိုတ်ထည့်ပြီး command prompt ထဲသို့ဝင်ပါ။ (cmd မရပါ။)။ command prompt ထဲရောက်မှ Cd command ကိုသုံးပြီး C:\Windows\ ကိုရောက်အောင်သွားပါ။ C:\Windows\ မှ regedit ကိုရိုက်ထည့်ပြီး regedit ကိုဖွင့်ပါ။ ပြီးလျှင်အောက်မှာပေးထားသည့်အတိုင်း အဆင့်ဆင့်ရောက်အောင်သွားပါ။

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.exe]

.exe အထိဖွင့်ပြီးလျှင် OpenWithList, OpenWithProgids, UserChoice ဆိုပြီး Key သုံးခုတွေ့ရမည်။ UserChoice Key တစ်ခုလုံးဖြတ်ချလိုက်ပါ။ ပြီးလျှင်စက်ပြန်စပေးပါ။ User Choice ကိုမဖြတ်ခင် ညာဘက် Panel တွင် ကြည့်လျှင် Default ပွင့်နေသော Program ကိုထည့်ထားသည်ကို တွေ့နိုင်ပါသည်။
.exe မဟုတ်ပဲ Desktop ပေါ်ရှိ .lnk ဖိုင်များတွင်ဖြစ်နေလျှင်လည်း .exe အစား .lnk ကို သွား၍ဖြတ်ပေးပါ။

No comments:

Post a Comment