အမျိုးအစားအလိုက်ကြည့်ရှုရန်

How to Fix Temporary Profile in Windows 7

Window 7 မှာ တစ်ခါတစ်ရံ User Profile Error ဖြစ်တက်ပါတယ်။ User Profile Error ဖြစ်လျှင် ပုံမှန် User Profile အစား Temporary profile တစ်ခုကို အစားထိုးပြီး Window ကိုဖွင့်ပေးပါတယ်။ Screen ရဲ့ ညာဘက်အောက်နား Task bar ပေါ်တွင်လဲ temporary profile ဖြင့်တက်နေသည်ကို Alert ပေးနေပါသည်။ ထိုသို့ဖြစ်နေလျှင် Desktop ပေါ်တွင် မိမိသိမ်းဆည်းထားသော Data များ၊ Icon များ၊ Background ပုံများကို ကွန်ပျူတာ ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ဆုံးသွားမည်ဖြစ်သည်။ အင်တာနက်ဆိုင်များတွင် တင်ထားသည့် Deep Freeze Software တွင်လုပ်ဆောင်သည့် အတိုင်းဖြစ်နေသည်။ အလွယ်ကူဆုံးဖြေရှင်းနည်းမှာ User Account အသစ်တစ်ခုပြုလုပ်ပြီး မူလအကောင့်ကို ဖြတ်ချလိုက်လျှင်ဖြစ်သည်။ သို့သော် နဂိုမူလ အကောင့်ကို မဖြတ်ချင်သူများ အတွက် အောက်မှာပေးထားသည့် နည်းလမ်းဖြင့် ဆောင်ရွတ်နိုင်သည်။

ဘာ့ကြောင့် Temporary ဖြင့် Window တက်ရသလဲ?

အဓိကအကြောင်းအရာကတော့ User Profile ပြက်နေ၍ဖြစ်ပါသည်။ User Profile သည် (C:\User\User_Name) အောက်တွင်ရှိပါသည်။ အခြားဖြစ်နိုင်ချေသည် Anti-Virus Program မှ User Profile အားစစ်ဆေးနေချိန်တွင် delay ဖြစ်နေ၍ window က Temporary ကွန်ပျူတာကို အသုံးပြုနိုင်ရန် Temporary Profile ဖြင့်တက်လာခြင်းဖြစ်နိုင်သည်။ 

1) အောက်မှာ ပြထားတဲ့အတိုင်းမလုပ်ခင် ကွန်ပျူတာကို သုံးကြိမ်လောက်တော့ ပြန်စကြည့်ပါ။ ပုံမှန်အတိုင်းပြန်တက်ချင် တက်လာနိုင်ပါသည်။

2) 
a)      Temporary Profile ဖြနေသည့် အကောင့်ဖြစ် Log in လုပ်ပါ။
b)      Registry ကို ဖွင့်ဖို့ရန် Run Box တွင် Regedit လို့ရိုက်ထည့်ပါ။
c)      အောက်မှာပြထည်းသည့် နေရာရောက်အောင် တစ်ဆင့်ခြင်းဖွင့်ပါ။

Fix Temporary Profile in Windows 7
d)      profile list, အောက်တွက်တူညီနေသော Key နှစ်ခုကိုမြင်ရမည်။ ဒါပေမဲ့တစ်ခုသည်အောက်မှာ ပြထားသည့်အတိုင်း နောက်ဆုံးတွင် .bak စာသားပါနေသည်။

Fix Temporary Profile in Windows 7
e)       .bak ပါသည် Key သည်မှန်ကန်သည့် Old Profile ဖြစ်သည်. လက်ရှိ Window 7 က Temporary Profile ဖြင့်ဝင်ထားသည့် Key နှင့် အမည်တူနေမည်။ Temporary Profile (.bak) မပါသည် Key ကို Rename လုပ်ပါ။ နောက်ပြီး .bak ပါသည့် Key ကို Rename လုပ်ပြီး .bak ကိုဖြတ်ပါ။

Fix Temporary Profile in Windows 7
f)      ပြီးလျှင် Registry ကိုပိတ်ပြီးစက်ကိုပြန်စပါ။ ပုံမှန်တိုင်းတက်လာလျှင် နောက်အဆင့်များကို ဆက်လုပ်စရာမလိုပါ။ တက်မလာသေးသူများအတွက် အောက်ကအဆင့်များကို ဆက်လုပ်ပါ။ ဆက်ပြီး temporary ဖြင့် ဆက်တက်နေလျှင် User Profile အမှန်တစ်ကယ်ပျက်နေ၍ဖြစ်ပြီး Window မှ မဖတ်နိုင်၍ဖြစ်သည်။

3) C: Partition ကို Check Disk လုပ်ပါ။ Hard Disk ၏ Bad Sector များပေါ်မှ User Profile ကိုပြန်လည်နေရာရွေ့ပေးနိုင်သည်။

Windows 7 check disk
Check Disk လုပ်နေစဉ်တွင် Corrupted ဖြစ်နေသော User File များကို repairing လုပ်နေသော Process ကို မြင်တွေ့ရလျှင် ပြန်ကောင်းမည်ဟုမျော်လင့်နိုင်ပါသေးသည်။ Repair လုပ်ပြီးလျှင် ပုံမှန်အတိုင်းပြန်တက်လာနိုင်ပါသည်။ ထိုအချိန်အထိ Normal အတိုင်းပြန်တက်မလာလျှင် Account အသစ်တစ်ခုထပ်မံပြုလုပ်ပြီ အသုံးပြုရန်သာ အဆင်ပြေနိုင်ပါလိမ့်မည်။

No comments:

Post a Comment