My Computer တွင် DVD icon ပျောက်နေလျှင်
ပထမဦးဆုံး Device Manager တွင် Code 19 Error ဟုတ်မဟုတ်သေချာအောင်ကြည့်ပါ။.
Device Manager တွင် DVD/CD-ROM Drives
entry ကိုနှစ်ချက်နှိပ်ပါ. Drive ပေါ်တွင် Right Click နှိပ်ပြီး Properties ကိုရွေးပါ။ ပေါ်လာသည့် Dialog Box ၏ Device Status နေရာတွင်
"Your registry might be corrupted. (Code 19)" ပြနေလျှင်အောက်မှပြထားသည့်အတိုင်း Registry ကိုပြင်ပါ။
Run box ကိုဖွင့်ပါ regedit ရိုက်ထည့်ပါ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318} အထိအဆင့်ဆင့်ဖွင့်ပါ။
{4D36E965-E325-11CE-BFC1-08002BE10318} များသည် အများကြီးတွေ့ရမည် အပေါ်ဆုံး Entry ညာဘက်ခြမ်းတွင် DVD/CD-ROM Drives ပါသည့် Entry ကိုရွေးပါ။
ညာဘက်ခြမ်းတွင် LowerFilters နှင့် UpperFilters ရှိနေလျှင် Right Click နှိပ်၍ Delete နှိပ်ပါ။
PLEASE NOTE: UpperFilters.bak. ကိုဖြတ်မရာမလိုပါ။
Registry ကိုပိတ်ပါ။ ကွန်ပျူတာကို Restart လုပ်ပါ။ စက်ပြန်တက်လာလျှင် My Computer တွင် DVD Icon ကိုတွေ့မြင်ရမည်။
No comments:
Post a Comment