အမျိုးအစားအလိုက်ကြည့်ရှုရန်

Friday, September 14, 2012

How to Fix Temporary Profile in Windows 7

Window 7 မှာ တစ်ခါတစ်ရံ User Profile Error ဖြစ်တက်ပါတယ်။ User Profile Error ဖြစ်လျှင် ပုံမှန် User Profile အစား Temporary profile တစ်ခုကို အစားထိုးပြီး Window ကိုဖွင့်ပေးပါတယ်။ Screen ရဲ့ ညာဘက်အောက်နား Task bar ပေါ်တွင်လဲ temporary profile ဖြင့်တက်နေသည်ကို Alert ပေးနေပါသည်။ ထိုသို့ဖြစ်နေလျှင် Desktop ပေါ်တွင် မိမိသိမ်းဆည်းထားသော Data များ၊ Icon များ၊ Background ပုံများကို ကွန်ပျူတာ ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ဆုံးသွားမည်ဖြစ်သည်။ အင်တာနက်ဆိုင်များတွင် တင်ထားသည့် Deep Freeze Software တွင်လုပ်ဆောင်သည့် အတိုင်းဖြစ်နေသည်။ အလွယ်ကူဆုံးဖြေရှင်းနည်းမှာ User Account အသစ်တစ်ခုပြုလုပ်ပြီး မူလအကောင့်ကို ဖြတ်ချလိုက်လျှင်ဖြစ်သည်။ သို့သော် နဂိုမူလ အကောင့်ကို မဖြတ်ချင်သူများ အတွက် အောက်မှာပေးထားသည့် နည်းလမ်းဖြင့် ဆောင်ရွတ်နိုင်သည်။
ဘာ့ကြောင့် Temporary ဖြင့် Window တက်ရသလဲ?

အဓိကအကြောင်းအရာကတော့ User Profile ပြက်နေ၍ဖြစ်ပါသည်။ User Profile သည် (C:\User\User_Name) အောက်တွင်ရှိပါသည်။ အခြားဖြစ်နိုင်ချေသည် Anti-Virus Program မှ User Profile အားစစ်ဆေးနေချိန်တွင် delay ဖြစ်နေ၍ window က Temporary ကွန်ပျူတာကို အသုံးပြုနိုင်ရန် Temporary Profile ဖြင့်တက်လာခြင်းဖြစ်နိုင်သည်။