အမျိုးအစားအလိုက်ကြည့်ရှုရန်

Saturday, November 24, 2012

How to Fix d3dx9_41.dll is missing for fifa12 Game

Fifa 12 ဘောလုံးဂိမ်းတင်ရင် ပြတဲ့ Error လေးပါ။ ဂိမ်းတင်ပြီး ပြန်အဖွင့် d3dx9_41.dll is missing ဆိုပြီး ပြနေတက်ပါတယ်။ အောက်ပါလင့်မှာ d3dx9_41.dll ဖိုင်ကိုဒေါင်းလုပ် လုပ်ယူပါ။ zip file ကို Extract လုပ်ပီး d3dx9_41.dll ဖိုင်ကို Fifa 12 Install လုပ်ထားတဲ့ နေရာ (C:\Program Files\FIFA 12\Game\) မှာ ကော်ပီကူးထည့်ပေးပါ။


Download Here d3dx9_41.dll zip file


1) Extract d3dx9_41.dll.zip
2) Copy d3dx9_41.dll from download path.
3) Paste to Fifa12 installation path.

Friday, September 14, 2012

How to Fix Temporary Profile in Windows 7

Window 7 မှာ တစ်ခါတစ်ရံ User Profile Error ဖြစ်တက်ပါတယ်။ User Profile Error ဖြစ်လျှင် ပုံမှန် User Profile အစား Temporary profile တစ်ခုကို အစားထိုးပြီး Window ကိုဖွင့်ပေးပါတယ်။ Screen ရဲ့ ညာဘက်အောက်နား Task bar ပေါ်တွင်လဲ temporary profile ဖြင့်တက်နေသည်ကို Alert ပေးနေပါသည်။ ထိုသို့ဖြစ်နေလျှင် Desktop ပေါ်တွင် မိမိသိမ်းဆည်းထားသော Data များ၊ Icon များ၊ Background ပုံများကို ကွန်ပျူတာ ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ဆုံးသွားမည်ဖြစ်သည်။ အင်တာနက်ဆိုင်များတွင် တင်ထားသည့် Deep Freeze Software တွင်လုပ်ဆောင်သည့် အတိုင်းဖြစ်နေသည်။ အလွယ်ကူဆုံးဖြေရှင်းနည်းမှာ User Account အသစ်တစ်ခုပြုလုပ်ပြီး မူလအကောင့်ကို ဖြတ်ချလိုက်လျှင်ဖြစ်သည်။ သို့သော် နဂိုမူလ အကောင့်ကို မဖြတ်ချင်သူများ အတွက် အောက်မှာပေးထားသည့် နည်းလမ်းဖြင့် ဆောင်ရွတ်နိုင်သည်။
ဘာ့ကြောင့် Temporary ဖြင့် Window တက်ရသလဲ?

အဓိကအကြောင်းအရာကတော့ User Profile ပြက်နေ၍ဖြစ်ပါသည်။ User Profile သည် (C:\User\User_Name) အောက်တွင်ရှိပါသည်။ အခြားဖြစ်နိုင်ချေသည် Anti-Virus Program မှ User Profile အားစစ်ဆေးနေချိန်တွင် delay ဖြစ်နေ၍ window က Temporary ကွန်ပျူတာကို အသုံးပြုနိုင်ရန် Temporary Profile ဖြင့်တက်လာခြင်းဖြစ်နိုင်သည်။

Wednesday, August 1, 2012

T13 Resetter and Manual


Download Program

1) Download လုပ်ပြီးလျှင် T13 by OrTHoTaMiNe.rar ဖိုင်ရလာမည်။
    R-Click နှိပ်ပြီး Extract Files.. ကိုနှိပ်ပါ။ T13 by OrTHoTaMiNe Folder တစ်ခုရလာမည်။

2) T13 by OrTHoTaMiNe Folder ထဲမှာ AdjProg.exe ကို ဖွင့်ပါ။


3) Program ပွင့်လာလျှင် License Agreement အတွက် Accept ကိုနှိပ်ပါ။
 

4) Printer Model နံပါတ်ရွေးရန် ပုံမှာပြထားသည့်အတိုင်း  Select ကိုနှိပ်ပါ။


5) Select Box ကျလာလျှင် Model Name ကို Down Arrow နှိပ်၍ Epson Stylus T13 ကိုရွေးပါ။
Destination and Port ကိုလဲပုံမှပြထားသည့်အတိုင်းရွေးပါ။ ပြီးလျှင် Ok နှိပ်ပါ။


6) Model တွင် Epson Stylus T13 ပြနေမည်။ Particular adjustment mode ကိုနှိပ်ပါ။


7) Waste Ink pad Counter ကို Double-Click နှိပ်ပါ။
8) လက်ရှိရောက်နေသည့် Counter ကိုကြည့်ရန် Check ကိုနှိပ်ပါ။ Counter ကို Clean လုပ်ရန် ပုံတွင်ပြထားသည့် Main Pad Counter ကို Check Mark ( အမှန်ခြစ်) ပေးပါ။ Initialization ကို နှိပ်ပါ။ ပြီးလျှင် Finish ကိုနှိပ်၍ထွက်လိုက်ပါ။ Printer ကို Power ပိတ်ပြီးမှပြန်ဖွင့်ပါ။

Thursday, July 26, 2012

Wallpaper ရဲ့ Picture Location များကို ပြန်ဖြတ်ခြင်း

ဒီပုံလေးက Picture Location မှာမဖြတ်ခင်က ပုံလေးပါ။


ဒီပုံလေးကတော့ Picture Location ကို Reset ပြန်ချထားတာပါ။


** ပြုလုပ်မယ်ဆို Registry ကိုဝင်ဖို့ Start >>> Run မှာ Regedit လို့ရိုက်ထည့်ပါ။
ပြီးရင် အောက်မှာ ပြထားတဲ့ နေရာထိရောက်အောင်သွားပါ။ Images ကို R-Click နှိပ်၍ဖြတ်ပစ်လိုက်ပါ။


HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Wallpapers\Images


Sunday, July 15, 2012

I-Phone ဖြင့်အင်တာနက်ချိတ်ဆက်နည်း

1. ဖုန်းထဲမှာအင်တာနက် အသုံးပြု၍ရအောင် ပြင်နည်းပါ။

 

2. ဖုန်းနဲ့ ကွန်ပျူတာနဲ့ချိတ်ဆက်နည်းလေးပါ။ Setting -->General --> Network -->Internet Tethering ကို On ပါ။ To Connect with USB ကိုရွေးပါ။

 

Friday, July 13, 2012

Login to Network without password (Window XP)

Login to Network without password
 
Window XP မှာ Network ချိတ်ရင် တစ်ခါတစ်လေမှာ Computer တစ်လုံးမှ တစ်လုံးကို လှမ်းခေါ်ရင် Password တောင်းတက်ပါတယ်။ အဲဒါကိုဖျောက်ချင်တယ်ဆိုရင် ပြင်တဲ့နည်းလေးပါ။

Window XP ဟာ Network User တွေကို Password မထည့်ပဲ တစ်ခြားတစ်လုံးက Data တွေကို လှမ်းပြီး Access လုပ်၍မရပါ။ Password မထည့်ပဲ အသုံးပြုမယ်ဆိုရင်တော့..............

1. Start > Run မှာ gpedit.msc  လို့ရိုက်ထည့်ပါ။ (Group Policy Program ပွင့်လာပါလိမ့်မယ်။)
2. ဘယ်ဘက်အခြမ်းမှ Computer Configuration > Windows Settings > Security Settings > Local Policies > Security Options အထိအဆင့်ဆင့်ဖွင့်ပါ။
3. ညာဘက် Panel တွင်  “Accounts: Limit local account use of blank passwords to console login only”  ကို R-Click နှိပ်ပါ။ Properties ကိုရွေးပါ။ Disable ကိုရွေးပြီး Apply > Ok ဖြင့်ထွက်လိုက်ပါ။ ဒါဆို Data တွေကို လှမ်းပြီး Access လုပ်တဲ့အခါ Password မတောင်းတော့ပဲ ပွင့်လာတာကို တွေ့ရပါလိမ့်မယ်။

Sunday, July 8, 2012

No Delete.exe Virus ကိုသတ်နည်း

No Delete Virus ရောက်နေသော စက်များတွင် C:, D: စသည့် partition များတွင် no delete.exe ဆိုပြီးပေါ်ပါသည်။ Folder များလဲ .exe ဖြစ်နေတက်ပါတယ်။ ဖြတ်လိုက်လဲ ပြန်ပေါ်လာပါတယ်။
No delete.exe Virus ဟာ Task Manager ကိုတော့ ပိတ်မထားပါဘူး။
1. Task Manager ကို Ctrl+Shift+Esc နှိပ်ပြီး ကိုဖွင့်ပါ။ Precess မှာ wcybsc.exe ကို R-Click နှိပ်၍ End Process Tree နှိပ်ပါ။
2. My Computer ကိုဖွင့်ပါ ။ C:\Windows\ အောက်ရောက်အောင်ဖွင့်ပါ။
wcybsvc.exe, wcynsvc.ocx ဖိုင်နှစ်ဖိုင်ကိုရှာဖြတ်လိုက်ပါ။ No delete.exe များကိုလဲဖြတ်ပါ။ .exe ဖြစ်နေသော Folder များကိုလဲဖြတ်ပါ။

Wednesday, July 4, 2012

မိမိ Folder ကို Permission ပေးပြီး တစ်ခြားသူဖွင့်မရအောင် ဖြတ်မရအောင် ကော်ပီကူးမရအောင်လုပ်နည်း

ကိုယ်ရဲ့ Folder လေးကို မဖြတ်မိအောင် ၊ သူတစ်ပါ ကော်ပီ မကူးအောင်၊ ဖွင့်မကြည့်အောင် Permission ပေးပြီးပိတ်ထားလို့ရပါတယ်။

1. ပြုလုပ်ချင်တဲ့ Folder ကို R-Click နှိပ်ပြီး properties ကိုရွေးပါ

2. Properties Dialog-box မှ Security Tab ကိုရွေးပါ။

Tuesday, July 3, 2012

Window 7 နဲ့ Window 8 ကို USB Drive ကနေ Install လုပ်နည်း

Window 7 နဲ့ Window 8 ကို USB drive ကနေ Install လုပ်တဲ့အခါ DVD ခွေကနေ ၀င်းဒိုးတင်တာနဲ့စာရင် အချိန်ကုန်သက်သာပါတယ်။ 15 မိနစ်လောက်ပဲ ကြာပါတယ်။ DVD Drive မရှိတဲ့စက်တွေအတွက်လဲ အဆင်ပြေပါတယ်။ Netbook Computer တွေအတွက်ဆို ပိုပြီးအဆင်ပြေပါတယ်။
Ref : www.intowindows.com

လိုအပ်ချက်တွေကတော့ 
*USB Flash Drive (Minimum 4GB)
*Windows 7 or Windows 8 installation files.

Thursday, June 21, 2012

Window 7 ရဲ့ Folder Background ပုံထည့်ခြင်း

Win 7 ရဲ့ Folder လေးတွေမှာ Background ပုံလေးတွေထည့်ကြည့်ချင်တယ်ဆိုရင်......................

(1) Notepad ကိုဖွင့်ပါ ပြီးရင်ဒီစာလေးတွေ ရိုက်ထည့်ပါ.

Sunday, June 10, 2012

File Association Error (.exe , .lnk)

File Association ဆိုတာ File Format အမျိုးအစားတစ်ခုကို ဖွင့်မည့် Default Program ကို သတ်မှတ်ထားခြင်းဖြစ်သည်။  (E.g / .docx ဖိုင်ကို Microsoft Word 2007 ဖြင့် Default ဖွင့်ပေးသည်။ .psd ဆိုလျှင် Photoshop ဖြင့် Default ဖွင့်ပေးခြင်းကို ဆိုလိုသည်။)

Error
အခုတစ်လော အတွေ့များဆုံး Error လေးပါ။ Virus ကြောင့်လား User Error ကြောင့်လားတော့မသိပါ။ Virus စစ်ကြည့်လျှင်တော့ မတွေ့ရပါ။ (program တွေကို Run လိုက်တိုင်း သတ်မှတ်ထားတဲ့ Program တစ်ခုတက်လာပါတယ်။ သူ့ကိုယ်ပိုင် .exe ကိုအလုပ်မလုပ်တော့ပါ။ ဥပမာ- Microsoft Word ဖွင့်လဲ Nero ပဲပွင့်တယ် တစ်ခြား ဘယ် ဆော့ဝဲကိုပဲသုံးသုံး Nero ပဲဖွင့်ပေးနေတယ်။ ဒါမှမဟုတ် Adobe Reader ကိုပဲ အမြဲဖွင့်ပေးနေတယ်။ ပုံမှန်အတိုင်းဆို သူ့ကိုယ်ပိုင် Program ပဲပွင့်ရပါမည်။ Desktop ပေါ်ရှိ icon များသည် program တစ်ခု၏ icon များချည်းဖြစ်နေသည်။


Tuesday, June 5, 2012

Black Screen of Death (KSOD) ဖြေရှင်းနည်း

KSOD (Black Screen of Death) ဆိုတာ Window Vista မှာ Window Logo တက်လာပြီး Screen အနက်ရောင်ဖြင့် Mouse Pointer လေးတစ်ခုသာပေါ်နေသော Error ဖြစ်သည်။ Mouse ကိုရွေ့လို့ရသည် ဒါပေမဲ့ Icon တွေပေါ်မလာဘူး Ctrl+Alt+Del , Ctrl+Shift+Esc နှိပ်လို့မရဘူး။ Safe Mode ကိုသုံးပြီး Window တက်ရင်လဲ ဒီအတိုင်းပဲဖြစ်နေပါတယ်။

Thursday, May 31, 2012

Internet ပေါ်မှာ ကွန်ပျူတာ အတွက် Driver အလွယ်တစ်ကူရှာနည်း

အွန်လိုင်းပေါ်မှာ ကိုယ်ကွန်ပျူတာအတွက် Driver ရှာရတာခက်နေမယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ပါ အထောက်အကူဖြစ်ပါလိမ့်မယ်။
(၁) Device Manager ကိုအရင်ဖွင့်ပါ။ Start--> Run--> devmgmt.msc
(၂) ပုံမှာပြထားတဲ့အတိုင်း Driver တင်ဖို့လိုအပ်နေသော Device Lists ကိုပြနေပါလိမ့်မယ်။


(၃) လိုအပ်တဲ့ Driver ကို R-Click နဲ့ နှိပ်ပြီး Properties နှိပ်ပါ။


(၄) နောက်တစ်ဆင့်ကတော့ ပုံမှာပြထားတဲ့အတိုင်း Details Tab ကိုရွေးပါ။ Properties  မှာ Hardware Ids  ကိုရွေးပါ။ အောက်ဖတ် Value List ပေါ်လာလျှင် အပေါ်ဆုံး မှ Hardware Id ကို R-Click ဖြင့်ကော်ပီကူးယူပါ။


(၅) ပြီးရင်တော့ devid.drp.su ဒီဆိုက်လေးကို ၀င်ကြည့်ပါ။

(၆) ဆိုဒ်ထဲမှ Search Driver မှာ ကော်ပီကူးခဲ့တာကို Paste လုပ်လိုက်ပါ။ ပြီးရင်တော့ Search Driver ကိုနှိပ်လိုက်ပါ။



(၇) Driver List ပြနေပါလိမ့်မယ်.....




ညာဘက်ခြမ်းမှ Floppy Disk ပုံစံ Save ကိုနိပ်ပါ။

(၈) နောက်ထပ် Page တစ်ခု က Device Vendor, Device Type, Version တွေကို List နဲ့ပြနေပါမည်။ အောက်နားလေးမှာ Download Link ပါပါတယ်။ Original File လိုချင်ရင်တော့ ဆိုဒ်ကနဲနဲကြီးနေမယ် သူက Setup File တွေပါပါတယ်။ Original File မဟုတ်ပဲ Driver File လေးတင်သီးသန့် ဒေါင်းလုပ်ချလို့ရပါတယ်။ သူကတော့ Device Manager ကနေ Update Driver နဲ့တင်မှရပါမယ်။





Wednesday, May 30, 2012

Virus and Registry (Error 1606)

Customer တစ်ယောက် Laptop ကို Auto CAD နဲ့ Kasper 2012 တင်ဖို့ ဆိုင်ကိုစက်လာအပ်တယ်။ Customer တွေကတော့ ထုံးစံအတိုင်းပါပဲ စက်လာအပ်တယ်ဆိုရင် အရင်ဆုံး ဘယ်လောက်ကျ မလဲ မေးတက်ပါတယ်။ ကျွန်တော်တို့လဲ လုပ်ရမှာကိုပဲ ကြည့်လိုက်မိတယ်။ ဆော့ဝဲ(လ်) တင်တာ လွယ်တယ်ပေါ့ ကိုယ်လဲတင်နေကျပဲ Service ခနဲနဲနဲ့ လက်ခံလိုက်တယ်။ တစ်ကယ်တော့ ဆော့ဝဲက Customer ကိုယ်တိုင်လဲ တင်တက်တယ်ဗျ အဆင်မပြေလို့ တင်လို့မရတော့အဆုံးမှ ဆိုင်ကိုလာအပ်တာပါ။ အဲဒီတော့ ကျွန်တော်တို့ စက်ကို မစစ်လိုက်ပဲ Service ခပြောလိုက်တာ မှားပြီပေါ့ဗျာ......။

 Error

Error ကဘယ်လိုဖြစ်နေလဲဆိုတော့ Setup ကို Run လိုက်ပြီဆိုရင် ....
         "Window error 1606 cannot access Network Location %PUBLIC%\Desktop"
ဆိုပြီး Error တက်နေတယ်။ Kasper ကိုတင်လဲ တင်လို့မရ Auto CAD ကိုလဲ တင်လို့မရပါ။ Error ကတူနေတယ်။ အစကတော့ Installer တွေပဲပျက်နေလားဆိုပြီး CD လဲစမ်းကြည့်သေးတယ်။ စက်ထဲလဲ ကူးပြီးတင်ကြည့်တယ်။ အဆင်မပြေဘူး။ သူတို့တင်တုန်းကများ error ဖြစ်သွားလားဆိုပြီး အရင်ဖိုင်အဟောင်းတွေ လိုက်ဖြတ်မိသေးတယ် ဒီအတိုင်းပါပဲ။ နောက်မှ Task Manager ကိုခေါ်ကြည့်မိတယ်။ Task Manager က Disable ဖြစ်နေတယ်။ Windows ရဲ့ Tools တွေတော်တော်များများ သုံးလို့မရတော့တာ တွေ့ရပါတယ်။ Task Manager, Group Policies, Folder Options, Registry, Command Prompt နဲ့ Msconfig တို့ကိုဖွင့်လိုက်ရင် စက်က Auto ပြန်ပြန်စနေတယ်။ ဒါဆို စက်မှ Virus ရှိနေတာသေချာပါပြီ။ Virus အရင်ရှင်းဖို့ ကျိုးစားရပါတော့မည်။ Virus ကိုရှင်းဖို့ကျတော့ Kasper ကတော့တင်လို့မရတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့သုံးနေကျ Microsoft Security Essential ကိုတင်ကြည့်တယ် ဒါလဲ Error ကတူနေတယ်ဗျ။ နောက်ထပ် Avira တင်ကြည့်တယ်။ Avira ကိုတော့တင်လို့ရနေတယ်။ Avira ကို Update လုပ်ပြီး စစ်ကြည့်လိုက်တော့ Virus တွေရှိနေတာကို တွေ့ရပါတယ်။ Virus ကို Clean လုပ်ပြီး ပေမဲ့ Virus ရဲ့ အကျိုးသက်ရောက်မှုတွေကတော့ ကျန်ခဲ့ပါတယ်။ Registry , Task Manager တို့ ခေါ်မရတာ Software တွေတင်လို့မရသေးပါဘူး။ Online မှာရှာကြည့်တော့ Registry မှာ ပြင်လို့ရတာတွေ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ Registry ကဖွင့်လို့မရသေးပါဘူး။ Group Policy ကလဲ ဖွင့်မရဖြစ်နေတယ်။ Registry ကိုဖွင့်လို့ရမှ Error ကိုရှင်းလို့အဆင်ပြေမှာမို့ Registry ကိုပဲ ဖွင့်နိုင်အောင် လုပ်ရပြန်ပါပြီ။ Program တစ်ခုကို အမှတ်ရလိုက်တယ် TuneUp Utility မှာ Registry ဆိုပြီးပါတယ်။ တင်လို့ရမလားစမ်းကြည့်တယ် Tune Up ကိုတော့ အဆင်တစ်ပြေတင်လို့ရနေတယ်။ Tune Up ထဲက Registry ကိုသုံးပြီး Registry ကိုဖွင့်လိုက်တယ်။....
HKEY_LOCAL_MACHINE\Software\Microsoft\Window NT\CurrentVersion\ProfileList
 အထိသွားပြီး ညာဘက် Panel မှာ Public ကို နှစ်ချက်နှိပ်ပြီးဖွင့်ပါ။ ပေါ်လာတဲ့ Box ထဲမှစာသားကို ဖြတ်ပြီး %SystemDrive%\Users\Public ဆိုပြီးရိုက်ထည့်ပေးပါ။
နောက်ထပ် HKEY_LOCAL_MACHINE\Software\Microsoft\Window NT\CurrentVersion\Explorer\User Shell Folder ကိုရောက်အောင်သွားပါ ညာဘက် Panel ကနေ Common Desktop ကိုရှာပါ။ တွေ့လျှင် နှိပ်ချက်နှိပ်ဖွင့်ပြီး %PUBLIC%\Desktop ဟုတ်မဟုတ်ကြည့်ပါ မဟုတ်ရင် ပြင်ပေးလိုက်ပါ။ ပြီးလျှင် Registry, Task Manager, Group Policy , Command Prompt, Folder Option များအတွက်လဲ Registry မှာပဲပြင်ပေးရပါမည်။ ဒါတွေကတော့ ကွန်ပျူတာ ပြင်နေကျသူတိုင်းလုပ်နေကျမို့ ထည့်မရေးတော့ပါ။ ဒါတွေပြင်ပြီးရင်တော့ Software တင်ရတာ ပြသနာမရှိတော့ပါဘူး။ .......... ဒါထက်လွယ်တဲ့နည်းကတော့
http://support.microsoft.com/kb/886549
မှာ သွားပြီး Method 1 ဖြစ်တဲ့ Fix It ဆိုတာတွေနှိပ်ပြီး Run လိုက်ပါ............ Program တစ်ခုကို Download ချပေးပါလိမ့်မယ်....... Program ကို Run လိုက်မယ်ဆို Auto ပြင်ပေးပါလိမ့်မယ်.....

Blog Goal (ဘလော့ ရည်ရွယ်ချက်)

ဒီ Blog လေးကို ဒီနေ့ကစပြီး ကျွန်တော့ရဲ့ စက်ပြင်အတွေ့အကြုံများနှင့် Knowledge များကို ရေးသားဖော်ပြပါမည်။ ၀င်ရောက် ဖတ်ရှုသူများ အသုံးမ၀င်သည့်တိုင် ကျွန်တော်၏ စက်ပြင်မှတ်တမ်းအဖြစ် ရေးသားခြင်းဖြစ်ပါသည်။.......

Monday, March 26, 2012

Run မှာရိုက်ထည့်နိုင်သော Command များ

Start Menu   Run တွင် လွယ်လင့်တကူ ရိုက်ထည့်နိုင်မည့် Command များ

No
To Access
Run Command
1.
Accessibility Controls
access.cpl
2.
Accessibility Wizard
accwiz
3.
Add Hardware Wizard
hdwwiz.cpl
4.
Add/Remove Programs
appwiz.cpl
5.
Administrative Tools
control admintools
6.
Adobe Acrobat (if installed)
acrobat
7.
Adobe Designer(if installed)
acrodist
8.
Adobe Distiller (if installed)
acrodist
9.
Adobe ImageReady (if installed)
imageready
10
Adobe Photoshop (if installed)
photoshop
11.
Automatic Updates
wuaucpl.cpl
12.
Bluetooth Transfer Wizard
fsquirt
13.
Calculator
calc
14.
Certificate Manager
certmgr.msc
15.
Character Map
charmap
16.
Check Disk Utility
chkdsk
17
Clipboard Viewer
cipbrd
18.
Command Prompt
cmd
19.
Component Services
dcomcnfg
20.
Computer Management
compmgmt.msc
21
Control Panel
control
22.
Date and Time Properties
timedate.cpl
23.
DDE Shares
ddeshare
24.
Device Manager
devmgmt.msc
25.
Direct X Control Panel (If Installed)*
directx.cpl
26.
Direct X Troubleshooter
dxdiag
27.
Disk Cleanup Utility
cleanmgr
28.
Disk Defragment
dfrg.msc
29.
Disk Management
diskmgmt.msc
30.
Disk Partition Manager
diskpart
31.
Display Properties
control desktop
32.
Display Properties
desk.cpl
33.
Display Properties (w/Appearance Tab Preselected)
control color
34.
Dr. Watson System Troubleshooting Utility
drwtsn32
35.
Driver Verifier Utility
verifier
36.
Event Viewer
eventvwr.msc
37.
File and Settings Transfer Tool
migwiz
38.
File Signature Verification Tool
sigverif
39.
Findfast
findfast.cpl
40.
Firefox (if installed)
firefox
41.
folders Properties
contol folders
42.
Fonts
control fonts
43.
Fonts Folder
fonts
44.
Free Cell Card Game
freecell
45.
Game Contollers
joy.cpl
46.
Group Policy Editor (XP Prof)
gpedit.msc
47.
hearts Card Game
mshearts
48.
Help and Support
helpctr
49.
HyperTerminal
hypertrm
50.
Iexpress wizard
iexpress
51.
Indexing Service
ciadv.msc
52.
Internet connection Wizard
icwconn1
53.
Internet Explorer
iexplore
54.
Internet Properties
inetcpl.cpl
55.
Internet Setup Wizard
inetwiz
56.
IP Configuration (Display Connection Configuration)
ipconfig/all
57.
IP Configuration (Display DNS Cache Contents)
ipconfig/displaydns
58.
IP Configuration (Delete DNS Cache Contents)
ipconfig/flushdns
59.
IP Configuration (Release All Connections)
ipconfig/release
60.
IP Configuration (Renew All Connections)
ipconfig/renew
61.
IP Configuration (Refreshes DHCP & Re-Registers DNS)
ipconfig/registerdns
62.
IP Configuration (Display DHCP Class ID)
ipconfig/showclassid
63.
IP Configuration (Modifies DHCP Class ID)
ipconfig/setclassid
64.
Java Control Panel (If Installed)
jicl32.cpl
65.
Java Control Panel (If Installed)
javaws
66.
Keyboard Properties
control keyboard
67.
Local Security Settings
secpl.msc
68.
Local Users and Groups
Iusrmgr.msc
69.
Logs You Out Of Windows
logoff
70.
Malicious Software Removal Tool
mrt
71.
Microsoft Access (if installed)
access.cpl
72.
Microsoft Chat
winchat
73.
Microsoft Excel (if installed)
excel
74.
Microsoft Frontpage (if installed)
frontpg
75.
Microsoft Movie Maker
moviemk
76.
Microsoft paint
mspaint
77.
Microsoft Powerpoint (if installed)
powerpnt
78.
Microsoft Word (if installed)
winword
79.
Microsoft Syncronization Tool
mobsync
80.
Minesweeper Game
winmine
81.
Mouse Properties
control mouse
82.
Mouse Properties
main.cpl
83.
Nero (if installed)
nero
84.
Netmeeting
conf
85.
Network Connections
control netconnections
86.
Network Connections
ncpa.cpl
87.
Network Setup Wizard
netsetup.cpl
88.
Notepad
notepad
89.
Nview Desktop Manager (If Installed)
nvtuicpl.cpl
90.
Object Packager
packager
91.
ODBC Data Source Administrator
odbccp32.cpl
92.
On Screen Keyboard
osk
93.
Opens AC3 Filter (If Installed)
ac3filer.cpl
94.
Outlook Express
msimn
95.
Paint
pbrush
96.
Password Properties
password.cpl
97.
Performance Monitor
perfmon.msc
98.
Performance Monitor
perfmon
99.
Phone and Modem Options
telephon.cpl
100.
Phone Dialer
dialer
101.
Pinball Game
pinball
102.
Power Configuration
powercfg.cpl
103.
Printers and Faxes
control printers
104.
Printers Folder
printers
105.
Private Character Editor
eudcedit
106.
Quicktime (If Installed)
QuickTime.cpl
107.
Quicktime Player(If Installed)
quicktimeplayer
108.
Peal Player (if Installed)
realplay
109.
Regional Settings
intl.cpl
110.
Registry Editor
regedit
111.
Registry Editor
regedit32
112.
Rmote Access Phonebook
rasphone
113.
Remote Desktop
mstsc
114.
Removable Storage
ntmsmgr.msc
115.
Removeable Storage Operator Requests
ntmsorq.msc
116.
Resultant Set of Policy (XP Prof)
rsop.msc
117.
Scanners and Cameras
sticpl.cpl
118.
Scheduled Tasks
control schedtasks
119.
Security Center
wscui.cpl
120.
Services
services.msc
121.
Shared Folders
fsmgmt.msc
122.
Shuts Down Windows
shutdown
123.
sounds and audio
mmsys.cpl
124.
Spider Solitare Card Game
spider
125.
SQL Client Configuration
cliconfg
126.
System Configuration Editor
sysedit
127.
System Configuration Utility
msconfig
128.
System File Checker Utility (Scan Immediately)
sfc/scannow
129.
System File Checker Utility (Scan Once At Next Boot)
sfc/scanonce
130.
System File Checker Utility (Scan On Every Boot)
sfc/scanboot
131.
System File Checker Utility (Return to Default Setting)
sfc/revert
132.
System File Checker Utility (Purge File Cache)
sfc/purgecache
133.
System File Checker Utility (Set Cache Size to size x)
sfc/cachesize=x
134.
System Information
msinfo32
135.
System Properties
sysdm.cpl
136.
Task Manager
taskmgr
137.
TCP Tester
tcptest
138.
Telnet Client
telnet
139.
Tweak UI (if installed)
tweakui
140.
User Account Management
nusrmgr.cpl
141.
Utility Manager
utilman
142.
Windows Address Book
wab
143.
Windows Address Book Import Utility
wavmig
144.
Windows Backup Utility (if installed)
ntbackup
145.
Windows Explorer
explorer
146.
Windows Firewall
firewall.cpl
147.
Windows Magnifier
magnify
148.
Windows Management Infrastrusture
wmimgmt.msc
149.
Windows Media Player
wmplayer
150.
Windows Messenger
msmsgs
151.
Windows Picture Import Wizard (need camera  connected)
wiaacmgr
152.
Windows System Security Tool
syskey
153.
Windows Update Launches
wupdmgr
154.
Windows Version (to show which version of windows)
winver
155.
Windows XP Tour Wizard
tourstart
156.
Wordpad
write