အမျိုးအစားအလိုက်ကြည့်ရှုရန်

Thursday, May 31, 2012

Internet ပေါ်မှာ ကွန်ပျူတာ အတွက် Driver အလွယ်တစ်ကူရှာနည်း

အွန်လိုင်းပေါ်မှာ ကိုယ်ကွန်ပျူတာအတွက် Driver ရှာရတာခက်နေမယ်ဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်ပါ အထောက်အကူဖြစ်ပါလိမ့်မယ်။
(၁) Device Manager ကိုအရင်ဖွင့်ပါ။ Start--> Run--> devmgmt.msc
(၂) ပုံမှာပြထားတဲ့အတိုင်း Driver တင်ဖို့လိုအပ်နေသော Device Lists ကိုပြနေပါလိမ့်မယ်။


(၃) လိုအပ်တဲ့ Driver ကို R-Click နဲ့ နှိပ်ပြီး Properties နှိပ်ပါ။


(၄) နောက်တစ်ဆင့်ကတော့ ပုံမှာပြထားတဲ့အတိုင်း Details Tab ကိုရွေးပါ။ Properties  မှာ Hardware Ids  ကိုရွေးပါ။ အောက်ဖတ် Value List ပေါ်လာလျှင် အပေါ်ဆုံး မှ Hardware Id ကို R-Click ဖြင့်ကော်ပီကူးယူပါ။


(၅) ပြီးရင်တော့ devid.drp.su ဒီဆိုက်လေးကို ၀င်ကြည့်ပါ။

(၆) ဆိုဒ်ထဲမှ Search Driver မှာ ကော်ပီကူးခဲ့တာကို Paste လုပ်လိုက်ပါ။ ပြီးရင်တော့ Search Driver ကိုနှိပ်လိုက်ပါ။



(၇) Driver List ပြနေပါလိမ့်မယ်.....




ညာဘက်ခြမ်းမှ Floppy Disk ပုံစံ Save ကိုနိပ်ပါ။

(၈) နောက်ထပ် Page တစ်ခု က Device Vendor, Device Type, Version တွေကို List နဲ့ပြနေပါမည်။ အောက်နားလေးမှာ Download Link ပါပါတယ်။ Original File လိုချင်ရင်တော့ ဆိုဒ်ကနဲနဲကြီးနေမယ် သူက Setup File တွေပါပါတယ်။ Original File မဟုတ်ပဲ Driver File လေးတင်သီးသန့် ဒေါင်းလုပ်ချလို့ရပါတယ်။ သူကတော့ Device Manager ကနေ Update Driver နဲ့တင်မှရပါမယ်။





Wednesday, May 30, 2012

Virus and Registry (Error 1606)

Customer တစ်ယောက် Laptop ကို Auto CAD နဲ့ Kasper 2012 တင်ဖို့ ဆိုင်ကိုစက်လာအပ်တယ်။ Customer တွေကတော့ ထုံးစံအတိုင်းပါပဲ စက်လာအပ်တယ်ဆိုရင် အရင်ဆုံး ဘယ်လောက်ကျ မလဲ မေးတက်ပါတယ်။ ကျွန်တော်တို့လဲ လုပ်ရမှာကိုပဲ ကြည့်လိုက်မိတယ်။ ဆော့ဝဲ(လ်) တင်တာ လွယ်တယ်ပေါ့ ကိုယ်လဲတင်နေကျပဲ Service ခနဲနဲနဲ့ လက်ခံလိုက်တယ်။ တစ်ကယ်တော့ ဆော့ဝဲက Customer ကိုယ်တိုင်လဲ တင်တက်တယ်ဗျ အဆင်မပြေလို့ တင်လို့မရတော့အဆုံးမှ ဆိုင်ကိုလာအပ်တာပါ။ အဲဒီတော့ ကျွန်တော်တို့ စက်ကို မစစ်လိုက်ပဲ Service ခပြောလိုက်တာ မှားပြီပေါ့ဗျာ......။

 Error

Error ကဘယ်လိုဖြစ်နေလဲဆိုတော့ Setup ကို Run လိုက်ပြီဆိုရင် ....
         "Window error 1606 cannot access Network Location %PUBLIC%\Desktop"
ဆိုပြီး Error တက်နေတယ်။ Kasper ကိုတင်လဲ တင်လို့မရ Auto CAD ကိုလဲ တင်လို့မရပါ။ Error ကတူနေတယ်။ အစကတော့ Installer တွေပဲပျက်နေလားဆိုပြီး CD လဲစမ်းကြည့်သေးတယ်။ စက်ထဲလဲ ကူးပြီးတင်ကြည့်တယ်။ အဆင်မပြေဘူး။ သူတို့တင်တုန်းကများ error ဖြစ်သွားလားဆိုပြီး အရင်ဖိုင်အဟောင်းတွေ လိုက်ဖြတ်မိသေးတယ် ဒီအတိုင်းပါပဲ။ နောက်မှ Task Manager ကိုခေါ်ကြည့်မိတယ်။ Task Manager က Disable ဖြစ်နေတယ်။ Windows ရဲ့ Tools တွေတော်တော်များများ သုံးလို့မရတော့တာ တွေ့ရပါတယ်။ Task Manager, Group Policies, Folder Options, Registry, Command Prompt နဲ့ Msconfig တို့ကိုဖွင့်လိုက်ရင် စက်က Auto ပြန်ပြန်စနေတယ်။ ဒါဆို စက်မှ Virus ရှိနေတာသေချာပါပြီ။ Virus အရင်ရှင်းဖို့ ကျိုးစားရပါတော့မည်။ Virus ကိုရှင်းဖို့ကျတော့ Kasper ကတော့တင်လို့မရတော့ဘူး။ ဒါနဲ့ ကျွန်တော်တို့သုံးနေကျ Microsoft Security Essential ကိုတင်ကြည့်တယ် ဒါလဲ Error ကတူနေတယ်ဗျ။ နောက်ထပ် Avira တင်ကြည့်တယ်။ Avira ကိုတော့တင်လို့ရနေတယ်။ Avira ကို Update လုပ်ပြီး စစ်ကြည့်လိုက်တော့ Virus တွေရှိနေတာကို တွေ့ရပါတယ်။ Virus ကို Clean လုပ်ပြီး ပေမဲ့ Virus ရဲ့ အကျိုးသက်ရောက်မှုတွေကတော့ ကျန်ခဲ့ပါတယ်။ Registry , Task Manager တို့ ခေါ်မရတာ Software တွေတင်လို့မရသေးပါဘူး။ Online မှာရှာကြည့်တော့ Registry မှာ ပြင်လို့ရတာတွေ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ Registry ကဖွင့်လို့မရသေးပါဘူး။ Group Policy ကလဲ ဖွင့်မရဖြစ်နေတယ်။ Registry ကိုဖွင့်လို့ရမှ Error ကိုရှင်းလို့အဆင်ပြေမှာမို့ Registry ကိုပဲ ဖွင့်နိုင်အောင် လုပ်ရပြန်ပါပြီ။ Program တစ်ခုကို အမှတ်ရလိုက်တယ် TuneUp Utility မှာ Registry ဆိုပြီးပါတယ်။ တင်လို့ရမလားစမ်းကြည့်တယ် Tune Up ကိုတော့ အဆင်တစ်ပြေတင်လို့ရနေတယ်။ Tune Up ထဲက Registry ကိုသုံးပြီး Registry ကိုဖွင့်လိုက်တယ်။....
HKEY_LOCAL_MACHINE\Software\Microsoft\Window NT\CurrentVersion\ProfileList
 အထိသွားပြီး ညာဘက် Panel မှာ Public ကို နှစ်ချက်နှိပ်ပြီးဖွင့်ပါ။ ပေါ်လာတဲ့ Box ထဲမှစာသားကို ဖြတ်ပြီး %SystemDrive%\Users\Public ဆိုပြီးရိုက်ထည့်ပေးပါ။
နောက်ထပ် HKEY_LOCAL_MACHINE\Software\Microsoft\Window NT\CurrentVersion\Explorer\User Shell Folder ကိုရောက်အောင်သွားပါ ညာဘက် Panel ကနေ Common Desktop ကိုရှာပါ။ တွေ့လျှင် နှိပ်ချက်နှိပ်ဖွင့်ပြီး %PUBLIC%\Desktop ဟုတ်မဟုတ်ကြည့်ပါ မဟုတ်ရင် ပြင်ပေးလိုက်ပါ။ ပြီးလျှင် Registry, Task Manager, Group Policy , Command Prompt, Folder Option များအတွက်လဲ Registry မှာပဲပြင်ပေးရပါမည်။ ဒါတွေကတော့ ကွန်ပျူတာ ပြင်နေကျသူတိုင်းလုပ်နေကျမို့ ထည့်မရေးတော့ပါ။ ဒါတွေပြင်ပြီးရင်တော့ Software တင်ရတာ ပြသနာမရှိတော့ပါဘူး။ .......... ဒါထက်လွယ်တဲ့နည်းကတော့
http://support.microsoft.com/kb/886549
မှာ သွားပြီး Method 1 ဖြစ်တဲ့ Fix It ဆိုတာတွေနှိပ်ပြီး Run လိုက်ပါ............ Program တစ်ခုကို Download ချပေးပါလိမ့်မယ်....... Program ကို Run လိုက်မယ်ဆို Auto ပြင်ပေးပါလိမ့်မယ်.....

Blog Goal (ဘလော့ ရည်ရွယ်ချက်)

ဒီ Blog လေးကို ဒီနေ့ကစပြီး ကျွန်တော့ရဲ့ စက်ပြင်အတွေ့အကြုံများနှင့် Knowledge များကို ရေးသားဖော်ပြပါမည်။ ၀င်ရောက် ဖတ်ရှုသူများ အသုံးမ၀င်သည့်တိုင် ကျွန်တော်၏ စက်ပြင်မှတ်တမ်းအဖြစ် ရေးသားခြင်းဖြစ်ပါသည်။.......