အမျိုးအစားအလိုက်ကြည့်ရှုရန်

Thursday, May 11, 2017

ကွန်ပျူတာ ပီးပျက်ပြီး ပြန်ဖွင့်လို့ Nomal နဲ့ ပြန်မတက်တော့ဘူးဆိုရင်

မြန်မာပြည်ရဲ့ နွေရာသီတွေမှာ မီးတွေခဏခဏလာတယ်၊ အဲဒီအချိန်မှာပဲ ကွန်ပျူတာတွေခဏခဏပျက်တော့တာပါပဲ။ နဂိုကမှ Hard Disk သိပ်မကောင်းတဲ့ ကွန်ပျူတာတွေ၊ UPS မကောင်းတဲ့ Desktop တွေကတော့ ဒီချိန်စိတ်ညစ်ရဆုံးအချိန်တွေပါ။ Service သမားတွေလဲ ခဏခဏ မလာနိုင်ဘူးလေ။ အဲဒီတော့ ကိုယ်သုံးတဲ့ Window ခွေလေးတွေဆောင်ထားပြီး မီးပျက်သွားပီး စက်မတက်လာတော့ဘူးဆိုရင်တော့ အောက်ပါအဆင့်လေးတွေအတိုင်းလုပ်ကြည့်ကြပါ။

Running Checkdisk from the Windows CD


  1. Power On ပါ။ Window Installer ခွေထည့်ပါ။ CMOS ထဲ ကို F2 နှိပ်ဝင်ပြီး Boot မှာ First Boot Device ကို DVD ပြောင်းထားပေးပါ။ Save လုပ်ပြီး ပြန်စပါ။
  2. Press any key to boot from CD or DVD...  ပေါ်လာလျှင် Key တစ်ခုကိုနှိပ်ပါ။
  3. Disk ကနေ Boot လုပ်ပြီးရင် အောက်ပါပုံအတိုင်းပေါ်လာမယ် , language ရွေးပီး Next,နှိပ်ပါ။



  4.  Repair your computer ကိုနှိပ်ပါ။


  5. Next ကို အောက်မှာပြထားတဲ့ ပုံအတိုင်း ဆက်နှိပ်ပါ။


  6.  Command Prompt. ကိုနှိပ်ပါ။

  7. Command Prompt အမဲရောင် Screen ပေါ်လာမည်။


    chkdsk C: /r  (သို့မဟုတ်)  chkdsk D: /r  ဟုတ်ရိုက်ထည့်ပါ။ 
  8. Error များရင် များသလောက် နာရီဝက် တစ်နာရီကြာမယ်။
  9. ပြီးရင် အောက်က ပုံအတိုင်း Report ပြပေးမယ်။

  10. Command Prompt ကိုပိတ်ပါ။ စက်ပြန်စပါ။ Start with Normally ကိုရွေးပြီ Enter နှိပ်ပါ။

No comments:

Post a Comment