အမျိုးအစားအလိုက်ကြည့်ရှုရန်

Saturday, November 24, 2012

How to Fix d3dx9_41.dll is missing for fifa12 Game

Fifa 12 ဘောလုံးဂိမ်းတင်ရင် ပြတဲ့ Error လေးပါ။ ဂိမ်းတင်ပြီး ပြန်အဖွင့် d3dx9_41.dll is missing ဆိုပြီး ပြနေတက်ပါတယ်။ အောက်ပါလင့်မှာ d3dx9_41.dll ဖိုင်ကိုဒေါင်းလုပ် လုပ်ယူပါ။ zip file ကို Extract လုပ်ပီး d3dx9_41.dll ဖိုင်ကို Fifa 12 Install လုပ်ထားတဲ့ နေရာ (C:\Program Files\FIFA 12\Game\) မှာ ကော်ပီကူးထည့်ပေးပါ။


Download Here d3dx9_41.dll zip file


1) Extract d3dx9_41.dll.zip
2) Copy d3dx9_41.dll from download path.
3) Paste to Fifa12 installation path.

Friday, September 14, 2012

How to Fix Temporary Profile in Windows 7

Window 7 မှာ တစ်ခါတစ်ရံ User Profile Error ဖြစ်တက်ပါတယ်။ User Profile Error ဖြစ်လျှင် ပုံမှန် User Profile အစား Temporary profile တစ်ခုကို အစားထိုးပြီး Window ကိုဖွင့်ပေးပါတယ်။ Screen ရဲ့ ညာဘက်အောက်နား Task bar ပေါ်တွင်လဲ temporary profile ဖြင့်တက်နေသည်ကို Alert ပေးနေပါသည်။ ထိုသို့ဖြစ်နေလျှင် Desktop ပေါ်တွင် မိမိသိမ်းဆည်းထားသော Data များ၊ Icon များ၊ Background ပုံများကို ကွန်ပျူတာ ပိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ပျောက်ဆုံးသွားမည်ဖြစ်သည်။ အင်တာနက်ဆိုင်များတွင် တင်ထားသည့် Deep Freeze Software တွင်လုပ်ဆောင်သည့် အတိုင်းဖြစ်နေသည်။ အလွယ်ကူဆုံးဖြေရှင်းနည်းမှာ User Account အသစ်တစ်ခုပြုလုပ်ပြီး မူလအကောင့်ကို ဖြတ်ချလိုက်လျှင်ဖြစ်သည်။ သို့သော် နဂိုမူလ အကောင့်ကို မဖြတ်ချင်သူများ အတွက် အောက်မှာပေးထားသည့် နည်းလမ်းဖြင့် ဆောင်ရွတ်နိုင်သည်။
ဘာ့ကြောင့် Temporary ဖြင့် Window တက်ရသလဲ?

အဓိကအကြောင်းအရာကတော့ User Profile ပြက်နေ၍ဖြစ်ပါသည်။ User Profile သည် (C:\User\User_Name) အောက်တွင်ရှိပါသည်။ အခြားဖြစ်နိုင်ချေသည် Anti-Virus Program မှ User Profile အားစစ်ဆေးနေချိန်တွင် delay ဖြစ်နေ၍ window က Temporary ကွန်ပျူတာကို အသုံးပြုနိုင်ရန် Temporary Profile ဖြင့်တက်လာခြင်းဖြစ်နိုင်သည်။

Wednesday, August 1, 2012

T13 Resetter and Manual


Download Program

1) Download လုပ်ပြီးလျှင် T13 by OrTHoTaMiNe.rar ဖိုင်ရလာမည်။
    R-Click နှိပ်ပြီး Extract Files.. ကိုနှိပ်ပါ။ T13 by OrTHoTaMiNe Folder တစ်ခုရလာမည်။

2) T13 by OrTHoTaMiNe Folder ထဲမှာ AdjProg.exe ကို ဖွင့်ပါ။


3) Program ပွင့်လာလျှင် License Agreement အတွက် Accept ကိုနှိပ်ပါ။
 

4) Printer Model နံပါတ်ရွေးရန် ပုံမှာပြထားသည့်အတိုင်း  Select ကိုနှိပ်ပါ။


5) Select Box ကျလာလျှင် Model Name ကို Down Arrow နှိပ်၍ Epson Stylus T13 ကိုရွေးပါ။
Destination and Port ကိုလဲပုံမှပြထားသည့်အတိုင်းရွေးပါ။ ပြီးလျှင် Ok နှိပ်ပါ။


6) Model တွင် Epson Stylus T13 ပြနေမည်။ Particular adjustment mode ကိုနှိပ်ပါ။


7) Waste Ink pad Counter ကို Double-Click နှိပ်ပါ။
8) လက်ရှိရောက်နေသည့် Counter ကိုကြည့်ရန် Check ကိုနှိပ်ပါ။ Counter ကို Clean လုပ်ရန် ပုံတွင်ပြထားသည့် Main Pad Counter ကို Check Mark ( အမှန်ခြစ်) ပေးပါ။ Initialization ကို နှိပ်ပါ။ ပြီးလျှင် Finish ကိုနှိပ်၍ထွက်လိုက်ပါ။ Printer ကို Power ပိတ်ပြီးမှပြန်ဖွင့်ပါ။

Thursday, July 26, 2012

Wallpaper ရဲ့ Picture Location များကို ပြန်ဖြတ်ခြင်း

ဒီပုံလေးက Picture Location မှာမဖြတ်ခင်က ပုံလေးပါ။


ဒီပုံလေးကတော့ Picture Location ကို Reset ပြန်ချထားတာပါ။


** ပြုလုပ်မယ်ဆို Registry ကိုဝင်ဖို့ Start >>> Run မှာ Regedit လို့ရိုက်ထည့်ပါ။
ပြီးရင် အောက်မှာ ပြထားတဲ့ နေရာထိရောက်အောင်သွားပါ။ Images ကို R-Click နှိပ်၍ဖြတ်ပစ်လိုက်ပါ။


HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Wallpapers\Images


Sunday, July 15, 2012

I-Phone ဖြင့်အင်တာနက်ချိတ်ဆက်နည်း

1. ဖုန်းထဲမှာအင်တာနက် အသုံးပြု၍ရအောင် ပြင်နည်းပါ။

 

2. ဖုန်းနဲ့ ကွန်ပျူတာနဲ့ချိတ်ဆက်နည်းလေးပါ။ Setting -->General --> Network -->Internet Tethering ကို On ပါ။ To Connect with USB ကိုရွေးပါ။

 

Friday, July 13, 2012

Login to Network without password (Window XP)

Login to Network without password
 
Window XP မှာ Network ချိတ်ရင် တစ်ခါတစ်လေမှာ Computer တစ်လုံးမှ တစ်လုံးကို လှမ်းခေါ်ရင် Password တောင်းတက်ပါတယ်။ အဲဒါကိုဖျောက်ချင်တယ်ဆိုရင် ပြင်တဲ့နည်းလေးပါ။

Window XP ဟာ Network User တွေကို Password မထည့်ပဲ တစ်ခြားတစ်လုံးက Data တွေကို လှမ်းပြီး Access လုပ်၍မရပါ။ Password မထည့်ပဲ အသုံးပြုမယ်ဆိုရင်တော့..............

1. Start > Run မှာ gpedit.msc  လို့ရိုက်ထည့်ပါ။ (Group Policy Program ပွင့်လာပါလိမ့်မယ်။)
2. ဘယ်ဘက်အခြမ်းမှ Computer Configuration > Windows Settings > Security Settings > Local Policies > Security Options အထိအဆင့်ဆင့်ဖွင့်ပါ။
3. ညာဘက် Panel တွင်  “Accounts: Limit local account use of blank passwords to console login only”  ကို R-Click နှိပ်ပါ။ Properties ကိုရွေးပါ။ Disable ကိုရွေးပြီး Apply > Ok ဖြင့်ထွက်လိုက်ပါ။ ဒါဆို Data တွေကို လှမ်းပြီး Access လုပ်တဲ့အခါ Password မတောင်းတော့ပဲ ပွင့်လာတာကို တွေ့ရပါလိမ့်မယ်။