Redo Backup, Macrium Reflect, နဲ့ Acronis True Image တို့ဟာ လက်တလော လူသုံးများတဲ့ Backup ဆော့ဝဲများဖြစ်ပါတယ်။ ဆော့ဝဲတော်တော်များများဟာ Backup လုပ်မယ်ဆို Window ကိုမတက်ပဲ without booting into Windows CD ခွေနှင့် ကိုယ်ပိုင် Booting လုပ်ပြီး ဆော့ဝဲလ် ကိုတန်းတက်ကာ Window Image ကို Backup လုပ်ကြပါတယ်။
အခုတစ်ခါ မိမိစက်ထဲမှာ ISO Files ကိုအသုံးပြုပြီး Bootable CD မလိုအပ်ပဲ ပြုလုပ်လို့ရတဲ့ အခမဲ့ ဆော့ဝဲလ် လေးပါ။ ISO Files များကိုလဲ ကြိုက်သလောက် ထည့်လို့ရပါတယ်။

NOTE:ISO ဖိုင်များကို မဖြတ်မိစေရန် ခဏခဏဖွင့်နေသည့် Drive တွင်မထားပါနှင့် C:\Windows လိုနေရာမျိုးတွင်ထားပါ။
Step 1: ဒီမှာ ဆော့ဝဲကိုဒေါင်းလုပ်လုပ်ပါ။ EasyBCD 2.2

Step 2: EasyBCD software ကိုဖွင့်ပါ။ left-pane မှ Add New Entry ကိုနှိပ်ပါ။

Step 3: Portable/External Media အပိုင်းအောက်မှ ISO tab ကိုနှိပ်ပါ။

Step 4: Name နေရာတွင် Boot Menu တွင်မြင်လို့သည့် ISO File ၏နာမည်ကိုရိုက်ထည့်ပါ။ Path လမ်းကြောင်းရွေးရန် Browse Button ကိုနှိပ်ပါ။ ISO ဖိုင်ထားသည့်နေရာကိုရောက်အောင်ရွေးပြီး ထည့်လိုသည့် ISO ဖိုင်းကိုရွေးပါ။

Mode မှာ Run from Disk ကိုရွေးပါ။ ပြီးလျှင်ရွေးချယ်ထားသော ISO File ကို Boot Menu တွင်ထည့်ရန် Add Entry ကိုနှိပ်ပါ။

Step 5: အခြား ISO ဖိုင်များကို boot menu တွင်ထပ်ထည့်ရန် Step 2, 3, နှင့် 4 တို့ကိုထပ်မံလုပ်ဆောင်ပါ။ Good luck!

No comments:
Post a Comment