အမျိုးအစားအလိုက်ကြည့်ရှုရန်

Monday, October 7, 2013

ကော်ပီကူးဖို့ File Size ကကြီးနေပါတယ်တဲ့......... :)







Memory Stick ထဲကို အရွယ်အစားကြီးမားတဲ့ File တစ်ဖိုင်ကို ကော်ပီကူးထည့်လိုက်တယ်။ Error Message တစ်ခုကျလာပါတယ်။










Destination file system ဖိုင်အရွယ်အစားက အရမ်းကြီးနေပါတယ်တဲ့။ Stick ကပဲ Free Space မရှိတာလားလို့ ပြန်ပြီး Properties ခေါ်ကြည့်မိတယ်။ Stick ကလဲ 16GB ဆိုတော့ 12 GB လဲလွတ်နေတယ်။ ကူးတဲ့ဖိုင်အရွယ်အစားကလဲ 7GB နီးပါးရယ်ပါ။ နောက်ဆုံး တွေ့တဲ့ Error ကတော့ Memory Stick ရဲ့ File System FAT32 ဖြစ်နေပါတယ်။ FAT32 Files System ဟာ ဖိုင်အရွယ်အစား 4 GB ထက်ကြီးနေမယ်ဆို ထည့်လို့မရပါဘူး။ FAT32 System ကို NTFS File System ပြောင်းပြီးမှပဲ ဖိုင်က ကူးထည့်လို့ရသွားတယ်။

FAT32 ကနေ NTFS ကိုပြောင်းမယ်ဆို နည်းလမ်းနှစ်ခုရှိပါတယ်။
နည်းလမ်းတစ်ခုကတော့ DATA တွေကို စက်ထဲခဏထည့်။ ပြီးရင် Stick ကို Right Click နှိပ်ပြီး Format လုပ်ပါ။

 File System နေရာမှာ Down Arrow နှိပ်ပြီး NTFS ကိုရွေးပါ။ Start ကိုနှိပ်ပါ။ ပြီးမှ Data တွေကိုပြန်ကူးထည့်ပါ။











နောက်တစ်နည်းလမ်းကတော့
Start ထဲမှ Run ကိုနှိပ်ပါ။ Run box ထဲတွင် cmd ဟုရိုက်ထည့်ပါ။
ပြီးရင် အောက်မှာပြထားတဲ့ အတိုင်းရိုက်ထည့်ပါ။ X: နေရာမှာ မိမိ၏ Stick Drive Letter ကိုရိုက်ထည့်ပါ။
convert X: /fs:ntfs /nosecurity

ပြီးသွားရင် Conversion complete ဆိုပြီးပေါ်လာပါမည်။ Exit ကိုရိုက်ထည့်ပြီး Command Prompt မှထွက်ပါ။ 


No comments:

Post a Comment